Loading
Channel: @WECLICK2
သံစဉ့်အိမ်ဆိုတာ တော်လှန်ရေးမောင်နှမတွေဆုံဆည်းရာ သံစဉ့်ရဲ့ လေလှိင်းပေါ်က အိမ်လေးပါ။ ဒီအိမ်လေးကို လာလည်တဲ့ ချစ်ဧည့်သည်တွေကို သံစဉ် နဲ့ မောင်နှမတွေက နိုင်ငံရေးဗဟုသုတတွေတိုးများစေမယ့် ဆောင်းပါးတွေဖတ်ပြတယ်။ သမိုင်းကနေသင်ယူရရှိတဲ့အသိတွေကို ဝေမျှတယ်။ အလျင်းသင့်သလို စာရေးဆရာတွေ၊ တော်လှန်ရေးမှာပါဝင်နေတဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ အနုပညာသမားတွေကို ဖိတ်ခေါပြီး စကားဝိုင်းဖွဲကြပါတယ်။ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ရဲဘော်လေးတွေ၊ ဖရဲသီးလေးတွေ၊ CDM ဝန်ထမ်းတွေအပါအဝင် နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာနွယ်ဖွားတွေရဲ့ ဖြစ်ရပ်မှန် ရင်ဖွင့်သံတွေကိုလည်း ပြန်လည်ခံစားတင်ဆက်ပါတယ်။