Channel: @irrawaddynews1993
ကျနော်တို့ အောင်ပွဲခံဖို့ နောက်ဆုံးထိုးစစ်ပဲ လုပ်ရတော့မှာ (ရုပ်/သံ)
ဧရာ၀တီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၂
လာမယ့် နိုဝင်ဘာ၊ ဒီဇင်ဘာ ပွင့်လင်းရာသီတွေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ထိန်းချုပ် နယ်မြေတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
ယခုရက်ပိုင်းမှာလည်း အာဏာသိမ်း စစ်ကောင်စီက ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတို့မှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အပြင် စစ်အင် အား တိုးချဲ့ဖြည့်တင်းမှုတွေကို နေ့စဉ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။
စစ်ကောင်စီဟာ လာမယ့် ပွင့်လင်းရာသီမှာ လက်နက်အင်အား တောင့်တင်းမှု နည်းပါးနေသေးတဲ့ စစ် ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်လာနိုင်တယ်လို့ အာဏာဖီဆန်ရေး လှုပ် ရှားမှုမှာ ပါဝင်ထားတဲ့ CDM စစ်ဗိုလ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။